You are here

Samsung Galaxy S8 ထက် တစ်လစောပြီး G6 ကို LG ရောင်းချမည်

Mobile
Samsung
Technology

CES 2017 ပွဲမှာ အဆင့်မြင့် စမတ်ဖုန်း ပြသခဲ့ခြင်းမရှိခဲ့တဲ့ LG တို့ လာမယ့် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပွဲမှာ ဘာတွေ လုပ်ပြလာမလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းလျက်ရှိပါတယ်။ Samsung ကလည်း MWC ပွဲမှာ သူတို့ရဲ့အဆင့်မြင့် စမတ်ဖုန်းကို ပြသလာနိုင်ပါတယ်။

Samsung ဟာ သူတို့ရဲ့ အဆင့်မြင့် စမတ်ဖုန်း Galaxy S8 ကို မိတ်ဆက်လာနိုင်ပြီး LG က G6 ကို မိတ်ဆက်မယ်လို့ အတည်ပြု ကြေညာထားပါတယ်။ ဒါပေမယ့် LG ဟာ ဈေးကွက်မှာ လက်ဦးမှု ရရှိရေးအတွက် G6 ကို Galaxy S8 ထက် ဈေးကွက်ထဲသို့ ရောက်အောင် လုပ်ဆောင်သွားပါမယ်။ LG G6 ကို ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ မိတ်ဆက်ပြီး မတ်လ ၁၀ ရက်နေ့မှာ စတင် ရောင်းချသွားပါမယ်။

LG ဟာ G6 ကို ကိုးရီးယားဈေးကွက်မှာ ဦးစွာ ဖြန့်ချိမှာဖြစ်ပြီး ကျောင်းဖွင့်အမီ ရောင်းချမှာဖြစ်လို့ ရောင်းအား ကောင်းဖို့ မျှော်လင့်နေပါတယ်။ LG ဟာ ခြောက်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အရှုံးပေါ်မှုနှင့်ရင်ဆိုင်ခဲ့ရ တာကြောင့် G6 ကို Samsung ထက် ဦးအောင် ဈေးကွက်မှာ ရောင်းချပြီး အခြေအနေ ကောင်းဖို့ မျှော်လင့် လျက်ရှိပါတယ်။

LG က G6 ကို စောစောစီးစီး ရောင်းချဖို့ ကြိုးပမ်းနေချိန်မှာ Samsung ကတော့ Galaxy S8 ကို MWC ပွဲမှာ မိတ်ဆက်ဖို့တောင် မသေချာ မရေရာဖြစ်နေပါတယ်။ အထူးသဖြင့် Samsung ဟာ Galaxy Note 7 ပြန်သိမ်းခဲ့ရသလိုမျိုး နောက်ထပ် အဖြစ်မခံလိုတာကြောင့် Galaxy S8 ကို အသေအချာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ပြီးမှ ရောင်းချသွားနိုင်ပါတယ်။

အစောပိုင်းကာလတုန်းက ထွက်ခဲ့တဲ့သတင်းအရ Samsung ဟာ Galaxy S8 ကို ဧပြီလ ၁၈ ရက်နေ့မှာမှ မိတ်ဆက်ပြီး ဧပြီလ တတိယအပတ်မှာ ရောင်းချမယ်လို့ သိရပါတယ်။ 

Related Articles