You are here

24MP+13MP ကျောဘက်ကင်မရာနှစ်ခု ပါဝင်မည့် HTC U Ultra ၊ HTC U Play ၊ နှင့် X10 တို့၏အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာ

Mobile
Technology

ဇန်န၀ါရီလ ၁၂ ရက်နေ့၊ မနက်ဖြန်ဟာ HTC အတွက် အင်မတန် အရေးပါတဲ့နေ့ ဖြစ်ပါတယ်။ HTC ဟာ ဇန်န၀ါရီ ၁၂ ရက်နေ့မှာ စမတ်ဖုန်း သုံးမျိုး မိတ်ဆက်သွားပါမယ်။ HTC ဟာ HTC Alphine (HTC U Play) ၊ HTC Ocean Note (HTC U Ultra) နှင့် HTC E66(HTC X10) တို့ကို မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

အခု HTC က မိတ်ဆက်လာမယ့် စမတ်ဖုန်း သုံးမျိုးရဲ့ အသေးစိတ်အချက်အလက်တွေ ပေါက်ကြားလာခဲ့ပြီ ဖြစ်ပါတယ်။

HTC U Play

HTC U Play က မျက်နှာပြင် ၅.၂ လက်မရှိပြီး Full HD ရုပ်ထွက် သုံးလာပါမယ်။ Helio P10 နှင့် အထိုင်ချထားမှာ ဖြစ်ပြီး RAM3GB ၊ ROM32GB အသုံးပြုလာပါမယ်။ ကျောဘက်ကင်မရာက 16MP ဖြစ်သလို Selfie ကင်မရာကလည်း 16MP ဖြစ်ပါတယ်။

ဘက်ထရီပါဝါက 2500 mAh ပါဝင်ပါတယ်။ လက်ဗွေရာစနစ်ကို မျက်နှာပြင်မှာ ထည့်သွင်းထားပါတယ်။ သတင်းကြီးတစ်ခုကတော့ 3.5 mm နားကြပ်ပေါက် မပါဝင်ပါဘူး။ ဒါက HTC အတွက် အထူးအဆန်းတော့ မဟုတ်ပါဘူး။ HTC ဟာ HTC 10 evo/ HTC Bolt မှာ နားကြပ်ပေါက် မထည့်သွင်းခဲ့ပါဘူး။

HTC U Ultra

Ocean Note အဖြစ် ကျွန်တော်တို့ ကြားခဲ့ကြတဲ့ဖုန်း ဖြစ်ပါတယ်။ ဖုန်းဒီဇိုင်းက အင်မတန်ညက်ညောပြီး ခန့်ညားလှပါတယ်။ HTC U Ultra က ဇန်န၀ါရီလ ၁၂ ရက်နေ့ပွဲမှာ မြင်တွေ့ရမယ့် HTC ဖုန်းတွေထဲမှာ အဆင့်အမြင့်ဆုံး ဖုန်းဖြစ်ပါတယ်။

မျက်နှာပြင် ၆ လက်မရှိပြီး QHD ရုပ်ထွက် အသုံးပြုထားပါတယ်။ 10nm နှင့် ထုတ်လုပ်ထားတဲ့ Snapdragon 835 နှင့် အထိုင်ချလာမှာ ဖြစ်ပါတယ်။ Snapdragon 835 ကို LG G6 နှင့် Samsung Galaxy S8 တို့မှာလည်း အသုံးပြုလာပါမယ်။ ဒါပေမယ့် HTC ကတော့ ကိုးရီးယားကုမ္ပဏီတွေထက် ခြေတစ်လှမ်းဦးသွားခဲ့ပါတယ်။

U Ultra မှာ RAM4GB ပါဝင်မှာဖြစ်ပြီး ROM64GB ပါဝင်ပါမယ်။ ကျောဘက်ကင်မရာနှစ်ခု ပါဝင်မှာဖြစ်ပြီး 24MP+13MP ဖြစ်ပါတယ်။ Selfie ကင်မရာကလည်း 16MP ပါဝင်ပါမယ်။ 4000 mAh ဘက်ထရီ ပါဝင်မှာဖြစ်ပြီး လက်ဗွေရာစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပါမယ်။

HTC U Play လိုပဲ HTC U Ultra မှာလည်း နားကြပ်ပေါက် ပါဝင်လာမှာ မဟုတ်ပါဘူး။

HTC X10

U ဖုန်းတွေလို မဟုတ်ဘဲ HTC X10 မှာတော့ နားကြပ်ပေါက် ပါဝင်လာပါမယ်။ မျက်နှာပြင် ၅.၅ လက်မဖြစ်ပါတယ်။ MediaTek ရဲ့ Helio P10 နှင့် အထိုင်ချလာမှာဖြစ်ပြီး RAM3GB ပါဝင်ပါတယ်။ 

Related Articles