You are here

အမေရိကန်ဈေးကွက်တွင် အမည်မသိ Redmi ဖုန်းဖြင့် Xiaomi ၀င်ရောက်မည်

Mobile
Technology

Xiaomi ဟာ အမေရိကန်ဈေးကွက်သို့ ၀င်ရောက်ဖို့ ကြံစည်နေတာ အနည်းငယ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ အစောပိုင်းကာလတုန်းက Xiaomi က အမေရိကန်ဈေးကွက်သို့ ၂၀၁၆ ခုနှစ် နှစ်ကုန်မှာ ၀င်ရောက်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် မဖြစ်လာခဲ့ပါဘူး။ သို့ပေမယ့် Xiaomi ဟာ သူတို့ရဲ့အကြံအစည် ဖြစ်မြောက်ရေးအ တွက် တကယ်ပဲ လုပ်ဆောင်နေပါတယ်။ ပြောရမယ်ဆိုရင် Xiaomi ဟာ အင်မတန် ပြိုင်ဆိုင်မှု ပြင်းထန်ပြီး တောင်းဆိုမှု များပြားတဲ့ အမေရိကန်ဈေးကွက်သို့ ၀င်ရောက်ဖို့ စွမ်းအင်မြင့် စမတ်ဖုန်းနှင့် ၀င်ရောက်ဖို့ လုပ်ဆောင်နေတာကြောင့် အချိန်ပိုယူရသလား မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် အမေရိကန်ဈေးကွက်က Xiaomi အကြီးအကဲတွေက ပစ်မှတ်ဖြစ်ပါတယ်။

Xiaomi ဟာ CES 2017 ပွဲမှာ အဖြူရောင် Mi Mix ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် Xiaomi ဟာ Mi Mix ပုလဲဖြူရောင်ဖုန်းကို တရုတ်မှာပဲ ရောင်းချနေပါသေးတယ်။ အမေရိကန်ဈေးကွက်မှာ ရောင်း/မရောင်း မကြေညာသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Xiaomi ကတော့ အမေရိကန်မှာပြသဖို့ လုပ်နေပါတယ်။ အခု Xiaomi ဟာ အမည်မသိ Redmi ဖုန်းတစ်လုံးကို FCC မှာ တင်ပြလာခဲ့ပြီ ဖြစ်ပါတယ်။

ဖုန်းအမည်ကို ပြောထားခြင်းမရှိပေမယ့် Redmi Note အမှတ်တံဆိပ်ဖုန်းဒီဇိုင်းတွေနဲ့ တူညီတာကြောင့် Redmi Note ဖုန်းလို့ ယူဆရတာဖြစ်ပါတယ်။ မီဒီယာတွေကတော့ Redmi Note 5 ဖြစ်နိုင်တယ်လို့် ခန့်မှန်းနေကြပါတယ်။ ဒါပေမယ့် Xiaomi ဟာ Redmi Note 4X ကိုလည်း လုပ်ဆောင်နေတာကြောင့် ဒီဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။ သို့ပေမယ့် အစောပိုင်း သတင်းတွေအရ Redmi Note 4X ကို ဇန်န၀ါရီ ၁၉ မှာ မိတ်ဆက်မယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အမေရိကန်ဈေးကွက်မှာ ဖြန့်ချိလာမယ့် Xiaomi ဖုန်းနှင့် ပတ်သက်ပြီး များများစားစားတော့ မသိရသေးပါဘူး။ ဒီဖုန်းမှာ Snapdragon 652 နှင့် အထိုင်ချလာဖွယ်ရှိနေပြီး RAM4GB နှင့် ROM64GB ပါဝင်လာနိုင်ပါတယ်။ ကျောဘက်ကင်မရာ 16MP နှင့် Selfie ကင်မရာ 8MP ထည့်သွင်းလာနိုင်ပါတယ်။ အနည်းဆုံး MlUl 9 အခြေခံတဲ့ Android 7.1 အနည်းဆုံး ပါဝင်လာနိုင်ပါတယ်။ 

Related Articles