You are here

နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်ခြင်းဆောင်ရွက်မှာဖြစ်သောကြောင့် မိုဘိုင်းလ်ဖုန်းအသုံးပြုသူများ အခက်အခဲအနည်းငယ် ဖြစ်ပေါ် နိုင်

Local
Mobile
Telecom

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းလ်ဖုန်းအသုံးပြုသူများအား အရည်အသွေး ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုများပေးနိုင်ရန်အတွက် နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့် တင်ခြင်းကို ဇန်န၀ါရီလ ၁၁ရက်၊ ၁၃ရက်၊ ၁၇ ရက်၊ ၁၉ ရက်နေ့ နံနက် (၀၀:၀၀) နာရီ မှ နံနက် (၀၅:၀၀)နာရီ အချိန်အတွင်း ပြုလုပ်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ လုပ်ငန်းများဆောင်ရွက်နေချိန်အတွင်း ဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်း နှင့် ငွေဖြည့်သွင်းခြင်း တို့ကို ပုံမှန်အတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး GSM အသုံးပြုသူများ အနေဖြင့် MPT ၏ထပ်ဆောင်းဝန်ဆောင်မှုများဖြစ်သည့် Caller Ring Back Tone ၀န်ဆောင်မှုများ၊ Call Waiting၊ Call Forwarding ၊ Voice Message၊ Miss Call အသိပေးဝန်ဆောင်မှု၊ နိုင်ငံတကာ Voice Call နှင့် ဆွေသဟာ (SWE) ၀န်ဆောင်မှု စသည်တို့ကို ရယူခြင်း (သို့) ပယ်ဖျက်ြခင်း တို့လုပ်ဆောင်ရာတွင်လည်းကောင်း၊ ဆွေသဟာအစီအစဉ်ကို ရယူထားခြင်းမရှိသော အသုံးပြုသူများသည် အဆိုပါအချိန်အတွင်းတွင် Data ရယူခြင်း (သို့) ပယ်ဖျက်ြခင်း တို့လုပ်ဆောင်ရာတွင်လည်းကောင်း၊ အခက်အခဲအနည်းငယ် ဖြစ်ပေါ် နိုင်ကြောင်း သိရှိ ရပါတယ်။

 

Related Articles