You are here

ရန်ကုန်မြို့ တွင်း ဘတ်စ်ကားစီးမယ့်သူတွေအတွက် အဆင်ပြေစေမယ့် YBS Android App

Apps
Local
Mobile
Technology
Telecom

Inmya.com ကိုအစဉ်အမြဲအားပေးနေကြတဲ့ စာဖတ်ပရိသတ်တွေ ဘတ်စ်ကားစီးတဲ့အ ခါမှာ အဆင်ပြေစေဖို့အတွက် YBS Android App လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ လာမယ့်ဇန်နဝါရီလ ၁၆ ရက်နေ့မှာစတင်ပြေးဆွဲမယ့် YBS (Yangon Bus Service) အတွက် Yangon Bus ဆိုတဲ့ Android Application လေးမှာ ဘယ်ကားနံပါတ်က ဘယ်နေရာတွေကိုပြေးဆွဲမယ်၊ ဘယ်နေရာတွေဆိုရင် ဘယ်ကားတွေ ရောက်လဲဆိုတာကို အသေးစိတ်ကြည့်ရူ့နိုင်မှာပါ။ Map ပါထည့်သွင်းပေးထားသလို ဘတ်စ်ကားဘယ်လိုစီးမလဲ ဆိုတာတွေကိုလည်း ပါရှိပါလိမ့်မယ်။ App ရဲ့ File Size ကလည်း 2MB သာရှိတာကြောင့် အသုံးပြုတဲ့အခါမှာ အလွန်အဆင် ပြေစေမှာပါ။ www.yangonbus.com က Website ကို Apk တစ်ခုအနေနဲ့ ဖန်တီးပေး ထားခြင်းဖြစ်ကာ အသုံးပြုတဲ့အခါမှာ အင်တာနက်ကွန်နက်ရှင်ဖွင့်ထားဖို့ လိုအပ်ပါတယ်။ App ကို Download ရယူလိုပါက  https://goo.gl/7R0foh မှာရယူလို့ရမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ခရီးစဉ်တွေနဲ့ ပက်သက်ပြီးလည်း အခမဲ့ခေါ်ဆိုလို့ရမယ့် 1881 ext. No. 2 hotline ကိုပါထားရှိပေးထားပါတယ်။

 

Related Articles