You are here

Asus Zenfone Pegasus 3S ကို Asus ကြေညာ

Mobile
Technology

Asus ဟာ တန်ဖိုးသင့် စမတ်ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်လာပါတယ်။ Zenfone Pegasus 3 ရဲ့ခြေရာကို ဆက်ခံမယ့် ဖုန်းသစ်တစ်မျိုးကို မိတ်ဆက်လာခဲ့တာဖြစ်ပါတယ်။ ဖုန်းအမည်က Asus Zenfone Pegasus 3S ဖြစ်ပါတယ်။

Asus Zenfone Pegasus 3S ကို MediaTek MT6750 Octa-core Processor နှင့် အထိုင်ချထားပါတယ်။ 1.5GHz ရှိပါတယ်။ RAM3GB ပါဝင်ပြီး ROM32GB နှင့် ROM64GB တို့ကို ရွေးချယ်နိုင်ပါမယ်။ တကယ်လို့များ မလုံလောက်ဘူး ဆိုရင် microSD မှ တစ်ဆင့် တိုးမြှင့်နိုင်ပါတယ်။

Asus Zenfone Pegasus 3S ရဲ့မျက်နှာပြင်က ၅.၂ လက်မဖြစ်ပြီး 720 p ရုပ်ထွက် အသုံးပြုထားပါတယ်။ Zenfone Pegasus 3 နှင့် အတူတူ ဖြစ်ပါတယ်။

ဒီဖုန်းနှစ်ခုအကြား အဓိကကွာခြားသွားစေတာက လက်ဗွေရာစနစ် ဖြစ်ပါတယ်။ Asus Zenfone Pegasus 3S မှာ လက်ဗွေရာစနစ်ကို Home Botton မှာ ထည့်သွင်းထားပါတယ်။ ဒါ့အပြင် ဘက်ထရီနှင့် OS ကလည်း ကွာခြားပါတယ်။

Asus Zenfone Pegasus 3S မှာ Android 7.0 Nougat ပါဝင်လာပြီး 5000 mAh ဘက်ထရီ ပါဝင်ပါတယ်။ ကျောဘက်ကင်မရာက 13MP ဖြစ်ပြီး PDAF ပါဝင်ပါတယ်။ ဗီဒီယိုရိုက်ကူးမှုကို 1080 p ဖြင့် ပြုလုပ်နိုင်ပါမယ်။ Selfie ကင်မရာက 8MP ဖြစ်ပါတယ်။

ဈေးနှုန်းက ဒေါ်လာ ၂၉၀ ဖြစ်ပါတယ်။ တရုတ်နိုင်ငံအပြင် အခြား အာရှဈေးကွက်တွေမှာလည်း ဒီဖုန်းကို ဖြန့်ချိ ရောင်းချမလားဆိုတာ မသိရသေးပါဘူး။ 

Related Articles