You are here

ဖေဖော်ဝါရီလတွင် USB-C အားသွင်းခုံ Sony ရောင်းချသွားမည်

Gadgets
Mobile
Technology

နောက်ပိုင်းထွက် Android စမတ်ဖုန်း အများစုမှာ USB-C ပေါက် အသုံးများလာပါတယ်။ USB-C က ပါဝါ ရွှေ့ပြောင်းမှု မြန်ဆန်တာကြောင့် အားသွင်းမှု ထိရောက်တဲ့အပြင် အားသွင်းဖို့ အပေါက်ထိုးတဲ့အခါ အပေါ်အောက် ခေါင်းရွေးနေစရာ မလိုပပါဘူး။ ဒါတင်မကသေးပါဘူး။ ဖိုင်အပြောင်းအရွှေ့လုပ်ရာမှာလည်း မြန်ဆန်ပါတယ်။ ဒါကြောင့်လည်း နောက်ပိုင်းမှာ ထွက်လာတဲ့ ဖုန်းအများစုမှာ USB-C အသုံးပြုလာပါတယ်။

Sony ဟာ USB-C အသုံးဝင်မှု၊ အသုံးကျယ်ပြန့်လာမှုကို အကောင်းဆုံး အသုံးချဖို့ လုပ်ဆောင်နေပါတယ်။ သူတို့ဟာ အားသွင်းခုံ ထုတ်လုပ်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အားသွင်းခုံအမည်ကို Sony DK60 လို့ အမည်ပေးထားပါတယ်။ ၄၉ ဒေါ်လာနှင့် ရောင်းချသွားပါမယ်။

Sony ဟာ ဒီအားသွင်းခုံကို စက်တင်ဘာလတုန်းက Xperia X Compact နှင့် XZ မော်ဒယ်တွေနှင့်အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အခုလို Sony က အားသွင်းခုံ ရောင်းချလာတော့မှာ ဖြစ်တဲ့အတွက် ဖုန်းပိုင်ရှင်တွေအနေနဲ့ ကြိုးမလိုဘဲ အလွယ်တကူ အားသွင်းနိုင်တော့မှာ ဖြစ်ပါတယ်။

Sony DK60 ကို အနက်ရောင်တစ်ခုတည်းနှင့်သာ ထုတ်လုပ်ထားပြီး အလေးချိန် ၂၇ ဂရမ်ရှိပါတယ်။ အတိုင်းအတာက 39×21.5×71 mm ဖြစ်ပါတယ်။ 

Related Articles