You are here

လာမယ့် iPhone အတွက် OLED ထုတ်လုပ်ရန် ဒေါ်လာ သန်း ၉၀၀ နီးပါး Sharp ရင်းနှီးမြှပ်နှံမည်

Apple
Mobile
Technology

ဂျပန်နည်းပညာကုမ္ပဏီ Sharp ဟာ အရည်အသွေးမြင့် တီဗွီတွေနှင့် ကမ္ဘာမှာ လူသိများတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ လက်ရှိ LCD ရုပ်ထွက်လောကရဲ့ ထိပ်တန်းကုမ္ပဏီတစ်ခုလည်း ဖြစ်ပါတယ်။

အစောပိုင်းကာလတွေတုန်းက Apple အတွက် OLED ရုပ်ထွက်ကို Samsung က ထောက်ပံ့ပေးမယ်လို့ သတင်းထွက်ခဲ့ဖူးပါတယ်။ အခု Sharp ကလည်း Samsung နှင့်အတူ Apple အတွက် OLED ရုပ်ထွက် ထောက်ပံ့လာမယ်လို့ ယူဆရပါတယ်။

Sharp ဟာ Foxconn ရဲ့ ရှန်ဇူးစက်ရုံမှာ OLED သစ် ထုတ်လုပ်မှုပိုင်းအတွက် ယွန် ၁၀၀ ဘီလီယံ ရင်းနှီးမြှပ်နှံသွားမယ်လို့ သိရပါတယ်။ ယွန် ၁၀၀ ဘီလီယံကို အမေရိကန်ဒေါ်လာနှင့် တွက်ကြည့်မယ်ဆိုရင် ဒေါ်လာ ၈၆၄ သန်းဖြစ်ပါတယ်။ Sharp ဟာ ၂၀၁၉ ခုနှစ်မှာ OLED ရုပ်ထွက် ထုတ်လုပ်ဖို့ အသင့်ဖြစ်နေဖို့ ရှိပါတယ်။ ဒါကြောင့် သူတို့ဟာ iPhone 8 အတွက် OLED ကိုတော့ ထောက်ပံ့ဖွယ်မရှိပါဘူး။

Foxconn နှင့် Sharp တို့ဟာ SDP (Sakai Display Products) ရဲ့ အဓိကရှယ်ယာရှင်တွေဖြစ်ကြပြီး OLED ထုတ်လုပ်ဖို့အတွက် ဒေါ်လာသန်း ၅၀၀ ကျော် ရင်းနှီးမြှပ်နှံထားကာ ၂၀၁၈ ခုနှစ်မှာ စတင် ထုတ်လုပ်သွားပါမယ်။

OLED ရုပ်ထွက်ဟာ iPhone ရဲ့ဒီဇိုင်း အကြီးအကျယ် ပြောင်းလဲရာမှာ အဓိကနေရာက ပါဝင်လာပါမယ်။ OLED ရုပ်ထွက် အသုံးပြုမှုကြောင့် လက်ဗွေရာစနစ်ကို မှန်အောက် ထွက်သွားနိုင်မယ့်အပြင် အနားသပ်မဲ့ ရုပ်ထွက် ဒီဇိုင်းကို ဖန်တီးလာနိုင်ပါမယ်။ 

Related Articles